ဇူးမီ စကားလုံးက ဂရိဘာသာဖြင့် ‘တဆေး’ ဖြစ်ပြီး လေးနက်သော အဓိပ္ပာယ်ကို ဆောင်ပါတယ်။ မဿဲ ၁၃:၃၃ တွင် ယေရှုက ကောင်းကင်နိုင်ငံတော်ကို ဂျုံမုန့်ပမာဏ အများကြီးထဲကို စိမ့်ဝင်နိုင်တဲ့ တဆေးနဲ့ နှိုင်းယှဉ်ထားပါတယ်။ ဒီပုံဥပမာက သာမန်လူတွေ၊ သာမန် အရင်းအမြစ်တွေကို အသုံးပြုပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိစေနိုင်တယ်ဆိုတာ ပုံဖော်ထားပါတယ်။
၂၀၁၅ ခုနှစ်တွင် အဖွဲ့ငယ်လေး တစ်ဖွဲ့က Jonathan Project Leadership Meeting မှာ ကျင်းပတဲ့ ယေရှုခရစ်ရဲ့ မဟာစေခိုင်းချက် တာဝန်ကို ပြည့်စုံစေဖို့ ဆက်ကပ်ထားခဲ့ကြပါတယ်။ သူတို့က ဆုတောင်းရင်း ကမ္ဘာတစ်ဝှမ်း တပည့်တော် တိုးပွားမှုကို လုပ်ဆောင်ရမယ့် စိန်ခေါ်မှုတစ်ရပ်ကို အတူတကွ ဆွေးနွေးခဲ့ကြတယ်။ သာမန်လူတွေကို ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ ‘တဆေး’ ဖြစ်စေဖို့ ယေရှုရဲ့ ခေါ်ခြင်းကို တုံ့ပြန်စေဖို့ သူတို့ရဲ့ ဝင်ရောက်သုံးစွဲနိုင်သော၊ ဘာသာစကား ခြားနားမှုနဲ့ ပြုပြင်ပြောင်းလွယ်သော သင်တန်းပုံစံကို အသေအချာ စဉ်းစားကြကာ ဤဗွီဒီယိုအခြေခံ အွန်လိုင်းသင်ကြားမှု သင်တန်း ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဆုံးမှာ ဒီစိတ်ကူးက ယခု ဇူးမီအဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာပါတယ်။
ဇူးမီသင်တန်းရဲ့ တပည့်တော်မွေးထုတ်ခြင်း အခြေခံနိယာမမှာ သမ္မာကျမ်းစာထဲက တိုက်ရိုက် လာခြင်းဖြစ်ပြီး နှစ်ပေါင်းသုံးဆယ်ကြာ ကမ္ဘာတစ်ဝှမ်း စမ်းသပ်လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနိယာမက သာမန်ယုံကြည်သူတွေကို တပည့်တော် မွေးထုတ်ပေးပြီး၊ သူတို့ကတဆင့် အခြားတပည့်တော်တွေကို မွေးထုတ်ကာ ဝိညာဉ်ရေးအရ မှောင်မိုက်တဲ့ နေရာဒေသများမှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ပြန့်ပွားစေဖို့ တပည့်တော် သန်းပေါင်းများစွာ မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံတော်အတွက် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် သင်တန်းကို ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်တွင် အစပြု မိတ်ဆက်ခဲ့ပြီး ဇူးမီသင်တန်းဟာ တရားဝင်အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက် သို့မဟုတ် သီးခြား အဆောက်အဦမရှိပဲ ပဏာမခြေလှမ်းကို အစပြုခဲ့ပါတယ်။ ဇူးမီသည် အဖွဲ့အစည်းရဲ့ ဦးဆောင်မှုနဲ့ သွားတာ မဟုတ်တဲ့အတွက် ယုံကြည်ခံယူချက် တရားဝင် ထုတ်ပြန်ချက်လည်း မရှိထားပါ။ အားလုံးပါဝင်နိုင်ရေး မျှော်မှန်းထားလျက် Lausanne Covenant ရဲ့ခံယူမှုနဲ့ သဘောတူပါတယ်။
ကျွန်ုပ်တို့ မျိုးဆက်တွင် ကမ္ဘာတစ်ဝှမ်း တပည့်တော် တိုးပွားမှုနှုန်း လွှမ်းမိုးစေရန်မှာ အဓိကပန်းတိုင် ဖြစ်ပါတယ်။ ဒီသင်တန်းမှာ တွေ့ရတဲ့ သမ္မာကျမ်းစာဆိုင်ရာ နိယာမသဘောများက ရိုးရိုးရှင်းရှင်း ဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးက ဒီနိယာမတရားကို လက်တွေ့လုပ်ဆောင်လျက် ရှိနေပါတယ်။
ဇူးမီရဲ့ ရူပါရုံသည် ဂျုံမုန့်တစ်ခုထဲကို တဆေးပျံ့နှံ့သွားသည့်အရာနှင့် နှိုင်းယှဉ်နိုင်ပြီး နိုင်ငံတော်ရဲ့ အခြေခံကျတဲ့ နည်းစနစ်ကို ကမ္ဘာတစ်ဝှမ်းရှိ အိမ်နီးချင်းများထံ ပျံ့နှံ့လျက် ရှိပါတယ်။
အပိုင်း ၁
မြောက်အမေရိကရှိ လူ ၅,၀၀၀ အတွက် တပည့်တော် မွေးထုတ်သူတစ်ဦးနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ ၅၀,၀၀၀ အတွက် တပည့်တော်မွေးထုတ်သူ တစ်ဦး အနည်းဆုံး လေ့ကျင့်သင်တန်းပေးရန်။
အပိုင်း ၂
သင်တန်းခံယူရပြီးသော တပည့်တော်မွေးထုတ်သူများမှ မြောက်အမေရိကရှိ လူ ၅,၀၀၀ အတွက် ရိုးရှင်းသော အသင်းတော် ၂ ခုနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ ၅၀,၀၀၀ အတွက် ရိုးရှင်းသော အသင်းတော် ၂ ခု အနည်းဆုံး အစပြုရန်။
သမ္မာကျမ်းစာ ဖော်ပြသော တဆေး ဟုခေါ်သော …. ဒီသေးငယ်တဲ့ အစပြုခြင်းနဲ့ …. ကမ္ဘာတစ်ဝှမ်း တပည့်တော်နှင့် အသင်းတော်များ တိုးပွားခြင်းတို့ မြင်တွေ့ရနိုင်ပါတယ်။
အခမဲ့ စာရင်းသွင်းခြင်းက သင်ထောက်ကူပစ္စည်းအားလုံးနှင့် အွန်လိုင်း နည်းပြခြင်းကို အပြည့်အဝ ဝင်ရောက်ခွင့်ပေးပါတယ်။
လမ်းညွှန် ဗွီဒီယိုများက သင့်အဖွဲ့ဝင်များ တပည့်တော် တိုးပွားစေခြင်းရဲ့ အခြေခံနိယာမများကို နားလည်ဖို့ ကူညီပေးပါမယ်။
အဖွဲ့လိုက် ဆွေးနွေးခြင်းက ဟောပြောထားတဲ့အထဲကနေ အဖွဲ့ထဲကို ဆင်ခြင်စေဖို့ ကူညီပေးပါမယ်။
ရိုးရှင်းသော လေ့ကျင့်ခန်းများက သင်ယူခဲ့တဲ့ အရာအပေါ် လက်တွေ့လုပ်ဆောင်ဖို့ သင့်အဖွဲ့ကို ကူညီပေးပါမယ်။
အပိုင်းလိုက် စိန်ခေါ်ချက်က အပိုင်း တစ်ခုနဲ့တစ်ခုကြား သင့်အဖွဲ့ လေ့လာမှုနဲ့ ကြီးထွားမှုကို အမြဲကူညီပေးပါမယ်။
ပထမ:
ဇူးမီသင်တန်းဟာ အဖွဲ့လိုက် လုပ်ဆောင်ဖို့ ရေးဆွဲထားတာဖြစ်ပါတယ်။ အဖွဲ့လိုက် လေ့ကျင့်ခန်း၊ ဆွေးနွေးခြင်းနဲ့ စွမ်းရည်မြှင့် လက်တွေ့လေ့ကျင့်မှု စသည်တို့က အခြားသူများနှင့် လုပ်ဆောင်မှ ပိုကောင်းမှာဖြစ်တဲ့အတွက် ဖြစ်နိုင်ပါက အဖွဲ့ ဖွဲ့ထားပါ။
ဒုတိယ:
ဇူးမီသင်တန်းဟာ ဗဟုသုတ ရရှိရုံတင်မက စွမ်းရည် တိုးတက်မှု၊ ကျွမ်းကျင်မှု တည်ဆောက်ခြင်းတို့ ပေးစွမ်းစေပါတယ်။ အပိုင်းတစ်ခုစီတိုင်းရဲ့ ရည်ရွယ်ချက်မှာ အသီးသီးစေမယ့် လုပ်ဆောင်ချက်ရှိစေဖို့ ဖြစ်ပါတယ်။ သင်တန်းရဲ့ အကောင်းဆုံး အကျိုးကျေးဇူးတွေက သင့်ဘဝနေထိုင်မှု ပြောင်းလဲပြီး ယုံကြည်ခြင်း တန်ခိုး တိုးတက်လာတာကို ခံစားရမှာ ဖြစ်တယ်။
သင်တန်းခံယူ တစ်လျှောက်မှာ ဇူးမီအဖွဲ့အစည်းက သင်နဲ့ သင့်အဖွဲ့ သင်ကြားခြင်းကို အောင်မြင်စွာ ပြီးမြောက်နိုင်ဖို့ နည်းပြဆရာ ပံ့ပိုးပေးနိုင်ရန် ဆန္ဒရှိပါတယ်။ မေးခွန်းများ၊ လိုအပ်ချက်များကို အချိန်မရွေး မေးမြန်းနိုင်ပါတယ်။
နည်းပြ ရယူရန်